ကျနော်ဟာ လောကကြီးကို သိပ်ပီးဂရုစိုက်နေ တဲ့တယောက်လဲ မဟုတ်ပါဘူး မိန်းခလေး ဆိုပီးအိမ်တွင်း ပုန်းတတ်တဲ့ တယောက်လဲမဟုတ်ပါဘူး အပြောအဆိုချိုပီး ကြောင်သူတောင် ကြွက်သူခိုး လုပ်တတ်တဲ့ တယောက်လဲမဟုတ်ပါဘူးကိုယ်မှန်ရာ ကိုယ်ထင်ရာ လုပ်နေတဲ့ တယောက်ပါ။ မိန်းခလေးဆိုပီး နှိမ်ခြင်ကြတဲ့လူတွေဆို လာခဲ့ သူတို့ မလုပ်တတ်တာ ရအောင်လုပ်ပြတတ်တယ် ဒါကတော့ ကျနော့ရဲ့ အကျင့်လေးတခုပါ ခေါင်းမာပီး စိတ်ဆတ်တတ် ပေမယ့် ကျနော် အားလုံးကိုခင်ပါတယ် အဲဒီစိတ်တွေ အဲဒီအကျင့်တွေကြောင့်ပဲ အမိမြေနဲ့ ဝေးရာမှာ နေခဲ့တာကြာပါပီ ကျနော်ကတော့ အမေ ၊ အဖေ တွေနဲ့ဝေးလို့ စိတ်ဓာတ် ကြသလားဆို ကျနော်လုံးဝ စိတ်ဓာတ်မကျ ခဲ့ပါဘူး ကိုယ့်ကိုကိုယ် အမြဲအားပေးပီးနေခဲ့တယ်တယောက်ထဲလဲနေတတ်ခဲ့မိတယ် ဒီလိုနဲ့ ကျနော် အင်တာနက် စပီးသုံးခဲ့တယ် ဒီလိုပဲချက်ထဲမှာ ချက်လိုက်၊ ရန်ဖြစ်လိုက် နဲ့ နှစ်နှစ်တောင်ကျော် ခဲ့ပီ ဒီကြားထဲမှာ ကျနော်နဲ့ သိပ်ခင်တဲ့ လူအများကြီး မရှိပါဘူး တချို့လဲ ကြည့်လို့မရအောင် မုန်းနေကြမယ်ဆိုတာ သိပါတယ် ဒါပေမယ့် အဲဒါတွေက ကျနော့ ကိတ်စမဟုတ်ဘူးလေ သိပ်တော့စိတ်မ၀င်စားပါဘူး လူဆိုတာ ကိုယ့်ရည်ရွယ်ချက် ကိုယ့်ယုံကြည်ချက် ကိုယ့်စိတ်ကူးနဲ့ကို ရှင်သန်နေကြတာပါ ဒါတွေအားလုံးဟာလဲ တူချင်မှတူမယ် ကိုယ်ဘက်က ကြည့်ရင် လက်ဖမိုးကို မြင်သလို သူ့ဘက်ကကြည့်ရင်တော့ လက်ဖ၀ါး ဖြစ်နေတတ်ကြတာပဲလေ အရာအားလုံးဟာ တူဖို့ခက်ခဲပါတယ် ဒါကိုမှလိုက်ပီး အပစ်ပြောကြမယ်ဆိုရင်တော့ ကျနော်လဲ မပြောတတ်ဘူးကျနော့နဲ့ သိပ်ခင်ပီးသိပ်ချစ်တဲ့ အမကြီးတယောက်ရှိပါတယ် သူကတော့ အရမ်းကိုဖြူစင်လွန်း ပါတယ် ကျနော်တွေ့ တဲ့ လူတွေထဲကပေါ့ ဘာမှဆို လူကြီးတယောက်လို ဆုံးမပေးတယ် အရာအားလုံးကိုလဲ အမကြီးတယောက်လို ဖြူစင်စွာနဲ့ ခွင့်လွှတ်တတ်တဲ့ အမကြီးတယောက်ပါ ကျနော်သူ့ကို ခင်ပါတယ် ခက်တာက ကျနော်ပါးစပ်ကနေ ထုတ်မပြောတတ်ဘူး အားလုံးထက်ကို ပိုခင်ပါတယ် ခုချိန်ထိ အဲအမကြီးကို ချစ်နေတုန်းပါ ဒါပေမယ့် ပြောမပြတတ်တဲ့ ကိတ်စလေးတခုကြောင့် သူနဲ့စကားမပြောဖြစ်ခဲ့တာ ကြာပါပီ ကိုယ့်ဘက်ကဘာ အမှားမှ မရှိသလို သူ့ဘက်ကလဲ အမှားမရှိပါဘူး သူနဲ့စကား ပြန်ပြောဖို့ ကျနော်ကြိုးစား ရပါအုန်းမယ် ကျနော့သူငယ်ချင်း အကြောင်းလေး ပြောချင်တယ် သိပ်တော့မရှိပါဘူး
ကျနော်တို့ ခေါ်တတ်တဲ့ (၀ူးဝူး) lyon wood သူကတော့ မှန်ကြောင်လေး စွာစိလန် လေးကိုမှ ခင်နေတဲ့ တယောက်ပါ အနွံတာလဲ သိပ်ခံတာပဲ ကျနော် အနိုင်ကျင့်လို့ကောင်းတဲ့တယောက်ပေါ့
ကိုစိုးမင်း (ကိုစိုးပေါ့) သူကတော့လေ မြန်မာဂျီတော့ခ် ချက်မှာ ရန်ဖြစ်ရင်း ခင်တဲ့ကြတဲ့တယောက်ပါ သူလဲခင်ဖို့ကောင်းပါတယ် အေးအေးနေတတ်ပီး သူငယ်ချင်းကောင်း ပီသတဲ့တယောက်ပါ
ကိုသံလွင် ကျနော်အမြဲခေါ်နေကျနာမည်ကတော့ (တီကောင်) ပေါ့ဗျာ သူကမြန်မာbizက ကျနော့ရဲ့သူငယ်ချင်း ဟောင်းတယောက်ပါ ကျနော်ဆဲတာဆိုတာ ဘာမှပြန်မပြောပဲ ခေါင်းငုံ့ခံတဲ့တယောက်ပါ သူကတော့ မဟုတ်မခံ ဆိုသလို သူများကြားလဲ သိပ်ပါတတ်တယ် သူ့ကိုဆူရပေါင်းလဲမနဲ ဆဲရပေါင်းလဲမနဲတော့ဘူး ခက်တာက သူ့မှာမှတ်သည်းချေ ဆိုတာမရှိဘူး ဘယ်သူတွေ ဘာပြောပြော ကျနော်ကတော့ သူ့ကိုခင်နေလျက်ပါ
မမစံပယ်ပန်းလေး ခေါ် (မမစီပယ်) သူကတော့ ချစ်စရာ ကောင်းတဲ့ အမကြီးတယောက်ပါ ပွဲတိုင်း သူရယ်၊ ကျနော်ရယ်၊ မမဖြူလေးရယ် ပါတတ်ပါတယ် အတွဲညီတဲ့အဖွဲ့ ပေါ့ဗျာ
မမဖြူလေး ကလဲ တူတူပါပဲ မမစီပယ်နဲ့  ခင်ဖို့ ကောင်းပါတယ် သူတို့ ၂ယောက်ကတော့ အလုပ်ကိုယ်စီနဲ့မှလို့ မတွေ့ တာ ကြာပါပီ အချိန်ရသေးရင်တော့ သူတို့ နဲ့ တွေ့ ချင် သေးတယ်
ကြွက်မ ဆိုတဲ့တယောက်ကတော့ ခွေးမ လို့ ဘယ်သူစခေါ်လိုက်မှန်း မသိပေမယ့် ကျနော် လိုက်စခေါ်ရင်းက ခင်သွားကြတာပါ သူကတော့ သိပ်ချစ်ဖို့ ကောင်းပါတယ် စိတ်ဓာတ်ပျော့ပြောင်းပီး ခင်လွယ်တတ်ပါတယ် တချိန်လုံးသူနဲ့ ကျနော်ရှိနေတတ်ပီး ခံစားချက်များ ဖလှယ်ပီးခံစားတတ်တဲ့ ချစ်သူငယ်ချင်းလေးပါ
နှင်းဆီနီ ခေါ် (နှင်းချီမ) ခုတော့ ကျနော့ရဲ့ ချစ်လေးဖြစ်သွားပါပီ ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းကောင်းပါ ကျနော်နဲ့စိတ်ဓာတ်ချင်းတူတာရယ် တွေးခေါ်တာ ခြင်းတူတာရယ် ကနှစ်ယောက် ပဲရှိတယ် ချစ်ကြွက်မလေးရယ်၊ ချစ်နှင်းဆီ ရယ်ပေါ့ သူတို့ အားလုံးက အနစ်နာခံတတ်ပီး ခင်ဖို့အလွန်ကောင်းပါတယ်
Poohy ခေါ် (ဖွတ်) အစသန်ပီးအလွန်နောက်တတ်တဲ့တယောက်ပါ မြန်မာချက်ထဲမှာ စရင်းနောက်ရင်းနဲ့ခင် ခဲ့တာကြာပါပီ သူနဲ့ကတော့ စကားသိပ်မပြော ဖြစ်ပါဘူး ဒါပေမယ့် ခင်ဖို့ ကောင်းတဲ့ သူငယ်ချင်း တယောက်ပါ
ဦးလွင် ခေါ် (ကလွင်) အသက်လေးကနဲနဲကြီးနေပေမယ့် ချောတုန်းပါ သူ့ဒူးရင်းသီးကေလေးကိုလဲ သရတာ မပီးနိုင်ဘူး တနေကုန် (ဟီး နောက်တာ ချိတ်အချိုးရဘူး နော်) ချက်တင်ဘယ်လောက် ၀ါသနာကြီးလဲ မကြီးလဲဆို မိန်းခလေး ဆောင်မှန်အ၀ိုင်းလေး ကိုတောင် ဆောင်ပီးချက်တယ် ဆိုပဲ အစွဲလမ်းကြီး ပုံကတော့ ခင်ဖို့ ကောင်းပါတယ် သူက လူကြီးပိုင်း ကနေပေါ့နော် ...
ကိုဝင်းဟန်း ခေါ် ( ဥဥ ) ဟီး မရဘူးနော် ဥဥလို့ပဲရေးမယ် သူကတော့ ရွတ်နောက်နောက်နဲ့ ခင်ဖို့ကောင်းပါတယ် သူနဲ့စကားပြောရတဲ့ အခါများဆိုရင်တော့ ပျော်စရာကောင်းပါတယ်ကျနော်တို့ တဖွဲ့ လုံး အူနာနေအောင် ရီရတယ် သူက လူပျိုကြီးပါ စိတ်ဝင်စားရင်တော့ ကျနော့စီဆက်သွယ်ကြပါ (looking) လို့ပြောပါတယ် မြန်မြန်လေး လျှောက်လွှာ တင်ကြနော် tongue
ဇာနီစိုး သူကတော့ အရမ်းစပ်စုပီးတော့ ကျနော်နဲ့တည့်တာ ခပ်ရှားရှားပါ ဒါပေမယ့် ကျနော့သူငယ်ချင်းက ကျနော့သူငယ်ချင်းပါပဲ
မဒါဒါ သူလဲနော့သူငယ်ချင်းပါ ကိုဒါဒါ နဲ့မဒါဒါ မှားပီးခင်ခဲ့တဲ့တယောက်ပေါ့ ရီတော့ရီရတယ် နောက်ပိုင်းလဲ ခင်သွားကြတာပါပဲ ဒါအကုန်ပါပဲ ကျနော့သူငယ်ချင်း တွေကတော့ မေ့နေတာ ရှိသေးရင်လဲ ထွေးလွှတ်ကြပါ tongueဒီအဖွဲ့ အကြောင်းတော့ သိပ်တော့မပြောချင်ပါဘူး လူမဆုံလိုက်နဲ့ လူဆုံပီဆို ဂျီတော့ခ်က မြန်မာချက် ထဲဘယ်သူမှနေလို့ မရအောင် သောင်းကျန်သူတွေပါ ကျနော့ သူငယ်ချင်းကတော့ သိပ်မများပါဘူး ဒါပေမယ့် တယောက်ကိုတယောက် အလွန်ချစ်ကြ ပါတယ် ပြောတာတွေလဲ သိပ်များသွားပီ သူတို့ တွေ အားလုံးကတော့ ကျနော့ရဲ့ အချစ်ဆုံးသူငယ်ချင်း လေးတွေပါ ။။။အင်တာနက် ဖြတ်ခံနီးလို့ထင်တယ် ရေးလိုက်တဲ့စာတွေ အရှည်ကြီးပဲ စာရေးပီးမှပဲ လက်ညောင်းမှန်း သိတော့တယ် ဟီး။။သူများတွေလို လိုက်ရေးတာ မဟုတ်ဘူးဆိုတော့ အရင်ပြော ထားချင်တယ်။ တော်ကြာမှ ငါ့အတုလိုက်ခိုး နေတယ်ဖြစ်မှာစိုးလို့ ပြောရသေးတယ် .။
သူငယ်ချင်း အရင်းလေးတယောက်ကို မေ့နေတယ် သူက မြန်မာချက်က မိုးသီးခေါ် (ရောင်၆၀) ကျနော်ကတော့ ၆၀ လို့ပဲခေါ်တာ များပါတယ် သူနဲ့ခင်တာ ကြာပေမယ့် စကားကို သေချာမပြောဖြစ်ဘူး နောက်ပိုင်းမှသေချာစကား ပြောမိတယ် တော်တော်ခင်ဖို့ကောင်းတဲ့ အကိုကြီးတယောက်ပါသူက ဘာကြောင့်လဲ မသိ ကျနော့ကို လင်းမတဲ့ သူကိုယ်သူ ဘာအဓိပါယ်နဲ့ ခေါ်လဲတောင်မသိပါဘူး ကောင်းလိုက်တဲ့ နာမည် သူရဲ့အကြံပေး တိုက်တွန်းမှုကြောင့် ကျနော် မတင်ချင်တဲ့ ကျနော့ကဗျာလေး တပုဒ်ကို မြန်မာပြည်သားမှာ တင်ဖြစ်ခဲ့သေးတယ် ကဗျာရေးတယ် ဆိုတာ ကျော်ကြားခြင်လို့ အောင်မြင်ခြင် လို့ရေးတာမဟုတ်ပါဘူး ကျနော်က ရင်ထဲက ခံစားချက်လေးတွေကို တင်ပြတာပါ ကျနော့ ကဗျာလေးတွေကို သူဝေဖန် နေကြပါ ခုတော့ သူမြန်မာပြည်ပြန်ရောက် သွားလို့ အွန်လိုင်းသိပ်မလာတော့ဘူး ဘာပဲဖြစ်ဖြစ် သူဘယ်ကပဲ ဖြစ်ဖြစ် ဘာပဲဖြစ်နေဖြစ်နေ ကျနော်ကတော့ သူ့ကိုခင်လျက်ပါ
ဖိုးထက်တဲ့ ဟီးသူ့ နာမည်မပါလို့ တဲ့ ချိတ်ကောက်တယ်နေတယ် အမှန်က ကျနော်ထည့်မလို့ ပါပဲ အလုပ်ကများ ပင်ပန်းနေတာနဲ့ပဲမထည့်မိဘူး ဒီစာကအိပ်ခန်နီးကကောက်ရေးဖြစ်တဲ့စာဆိုတော့ အိပ်ခန်နီးဘာမှမမှတ်မိတော့ဘူး ဆောရီးသူငယ်ချင်းရေ အလုပ်များနေလို့ သူက ကျနော့ကို ဂစ်တာတီး ပီးသီချင်းအမြဲဆိုပြတဲ့ တယောက်ပေါ့ လူပုံကတော့ ငါးခူလိုပဲ နှာခမ်းမွှေး ရှိတယ် သူ့မှာ (ဟီး နှာခမ်းမွှေးကြော်ငြာပေးတာ)အရမ်းခင်ဖို့ကောင်းတယ် သူက မလိမ်တတ်ဘူး မညာတတ်ဘူး (သူပြောတာပဲကျနော်မသိဘူးtongue) ဒီလို သူငယ်ချင်းလေးရတာ ကျနော်ဝမ်းသာ မိပါတယ် ခုလောလောဆယ်တော့ သူစိတ်ကောက်ပီး အိပ်သွားလေရဲ့ ဟီး
ကိုရဲကတော့ မြန်မာချက်မှာတွေ့ တာပါ ကျနော်က အပြင်မှာတွေ့  ရမယ့်သူတွေဆို သိပ်ခင်ချင်တာ မဟုတ်ဘူး ဒါတကယ်ပြောတာ ဒီမှာက ကောင်းကောင်းကန်းကန်းဆို သိပ်ရှိတာမဟုတ်တော့ မရှုပ်ချင်ဘူး အပြင်ကလူတွေနဲ့ ဒါကြောင့် သူလာနှုတ်ဆက်ရင် အမြဲတမ်း မသိချင်ယောင်ဆောင်နေတာ နောက်ဆုံးတော့လဲ ခင်သွားတာပါပဲ လူပုသလောက် တအားမေးမြန်းထူတာပဲ သူနဲ့ စကားပြောတိုင်း စိတ်တိုရတယ်ခုလဲ ကျနော့ကို မေးနေတယ် သောက်မြင်ကတ်လို့ မထည့်တာလားတဲ့ (ကျနော်ပြောချင်တာကတော့ မဟုတ်ပါဘူးဗျာ အားလုံးကို ထည့်ချင်ပါတယ် ဒါပေမယ့် မေ့နေတာ ခက်တယ် လက်လှန်း မှီရာလေးတွေအရင် ထည့်ထားတာပါ နာမည် မပါတာရှိရင်လဲ ထွေးလွှတ်ကြပါ ဒီဦးနှောက်လေးက မေ့တတ်လို့ ပါ ဗျာ ငါ့နာမည် နောက်ဆုံးမှပါတယ် ဆိုပီးလဲ ၀မ်းနည်း ပါနဲ့နော် မေ့တတ်တဲ့အကျင့်လေးက ရှိနေလို့ ပါbig grin) အားလုံးကတော့ ကျနော့ရဲ့ အနီးဆုံးမှာ ရှိနေတဲ့ ချစ်သူငယ်ချင်း စာရင်းလေးပါပဲ နောက်မှတ်မိလာ ရင်လဲ ထပ်ပီးထည့်ပါအုန်းမယ်

9 Comments:

  1. Anonymous said...
    အဟမ်း .. အဟမ်း.. ဆာကီး လာတယ်ကွ
    Anonymous said...
    ဆာကီးက ဆိုက်ကားနဲ.ကြွလာတာထင်တယ်ဟိဟိ
    Anonymous said...
    ဘယ်သူများလဲမှတ်တယ်
    နာ့တပည့်က လူအထင်ကြီးအောင်
    လာအော်နေတာကိုး....
    Anonymous said...
    ချစ်လေး
    ဟီး ကွန်းမန့် က
    အတူတူရေးတာအချိန်တူနေတယ် ဟီး
    Anonymous said...
    ချစ်လေးး သူက ဆိုက်ကားနဲ.ြွကွလာတာတဲ. ဟိဟိ
    Anonymous said...
    ဆိုက်ကားတောင်စီးတတ်ပမလား
    ဆိုက်ကားတွန်းပီးလာတာနေမယ် ဟီး
    :P
    Jun Ichi - Sushi said...
    This comment has been removed by a blog administrator.
    Jun Ichi - Sushi said...
    နာ့ကိုများစပ်စုတယ်တဲ့ဟွန်း လဒလေး
    Anonymous said...
    ဘာဖြစ်တုန်းလဒ ဟုတ်တာပဲကို
    ဟွန်း အမြင်ကိုကတ်တယ်

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates