ကျနော့ အပျင်းထူ စာရေးပျင်းတဲ့အကျင့်လေးကြောင့် ဘလော့မလုပ်ဖြစ်တာ ကြာပါပီ ခုတော့ ကာတွန်းကား အစီစဉ်လေးအားပေးပါအုန်း

ဘယ်လိုနေလဲမသိဘူး တန်းပလိတ်အသစ်က ပျင်းနေတာနဲ့ပဲ တန်းပလိတ်ပြောင်းလိုက်တာ




ဒါကကျောင်းရှေ့ကပုံလေး


ဒါက ကျောင်းအနောက်ပဲခေါ်မလား ဆေးလိတ်သောက်တဲ့နေရာပဲခေါ်မလား


ဒါကကျနော်စက်ဘီးစီးနေကြလမ်းလေး အေးလိုက်တာလဲလွန်ပါရော

Happy Valentine


ဟတ်ပီးဘန်လတိုင်းဒေးပါရှင်....ဒီနှစ်ကတော့ ဘယ်မှသွားစရာ အစီအစဉ်လဲမရှိဘူး ကျောင်းနဲ့အိမ်နဲ့ ကွန်ပြူတာနဲ့ပဲ နှပါးသွားရမယ်ထင်တယ် ဒါပေမယ့်လဲ ကျနော့ အချစ်ဆုံးလေး၂ယောက် ကျနော့နားမှာရှိနေလို့ ကျနော်မပျင်းပါဘူး မနှစ်ကတော့ ဟီးဘယ်ချောင်မှာ သွားအိပ်ပျော်နေတယ်မသိဘူး သူငယ်ချင်းက ချောကလက် လာပေးတာတောင် ထမယူနိုင်ဘူး အဖြစ်ကတော့ ဘယ်နှစ်နဲ့မှနဲ့မတူဘူးbig grinဟီးဟီး ချောကလက်လဲငတ် နှင်းဆီပန်းလဲမရ ဖြစ်သွားပါလေရော အင်းးးးမနက်ဖြန်ကြရင်ကော ????? ချောကလက်စားရအုန်းမလားးးးးး???? ချောကလက်တို့ နှင်းဆီပန်းတို့သာ လိုချင်တာ ဘာမှပြန်ပေးခြင်တာမဟုတ်နော် ဟီးဘာမှလဲလာမတောင်းနဲ့ တာ့တာပဲ not talking ချစ်သူတိုင်းလဲ ဆုံစည်းနိုင်ကြပါစေ

ကဗျာမညီ စာမညီ ကာရံမဲ့တဲ့ကဗျာလေးပါ
ဟီးဟီး ဘူလဲဘယ်ဝါလဲမေးနဲ့နော် တတ်ချင်တတ်ပရိုက် ပြောပြဘူးnot talking ((မေးမြန်းခြင်းသီးခံပါtongue))



ကဗျာမညီ စာမညီ ကာရံမဲ့တဲ့ကဗျာလေးပါ

စိတ်ညစ်လို့

စိတ်ညစ်နေတာနဲ့ပဲ ဘလော့ပါ ဖျောက်ထားတာ ခုတော့ကောင်း သွားပါပီ

ဒီလပြည့်ညလေးကတော့ ချစ်သူများနေ့နောက်ပိုင်းမှာ တင်မယ့်တန်းပလိတ်ပါ





ကျနော့ဒီဇိုင်းများ

ကျနော်က စာရေးတာတော့ ၀ါသနာမပါဘူး တန်းပလိတ်ပြင်တာ တော့ဝါသနာပါတယ် ကျနော်ကလိလွန်းလို့ ပြတ်ပြတ်သွားတဲ့ တန်းပလိတ်က ရည်လို့တောင်မနိုင်တော့ဘူး ကျနော့ရေးခဲ့ဒီိဇိုင်းလေး များကို တင်ပြပါမယ် ပရော်ဖက်ရှင်နယ်လ် လောက်မကောင်းပေမယ့် ကိုယ်တတ်သသောက်သိသလောက် ကိုယ်ကိုတိုင် ဆွဲထားလို့လာမသိဘူး အကုန်လုံးကလှနေရောပဲ () ကျနော်အရင်တုန်းကဆို ဘလော့ခ်မှာစာတောင်မတင်တတ်ပါဘူး တန်းပလိတ်ပြောင်းဖို့ဆိုဝေးရော ကျနော်လေ သူငယ်ချင်းတယောက်ကို ဘန်နာဆွဲခိုင်းဖူးတယ် သူများကိုလုပ်ခိုင်းရတာ ကျနော့စိတ်ထဲမှာ အောက်ကြသလိုပဲခံစားရတယ် နောက်တော့ သူလုပ်ပေးတဲ့ ဘန်နာကိုမသုံးခဲ့ပါဘူး ကျနော်ကိုယ်တိုင်ပဲ ရေးပီး စိတ်တိုင်းကြပြင်ခဲ့တာ ခုချိန်ထိပါပဲ ခံစားကြည့်ပါအုန်းဗျာ

ဒါကတော့ ကျနော်ပထမဆုံး မခံချင်စိတ်နဲ့ဆွဲခဲ့ ဒီဇိုင်းလေးပါ

ဒါကဒုတိယတခုပါ







ဒါကကျနော်မသုံးရသေးတဲ့ ဘန်နာ၂ခုပါ




စိတ်ညစ်တယ်
စိတ်ညစ်လိုက်တာ စိတ်တိုင်းကိုမကျဘူး ဘလော့ခ်ဂါကို အဟောင်းနဲ့အသစ်လဲတာ စိတ်တိုင်းကျမဖြစ်တော့ ခေါင်းပါကိုက်လာပီ ညစ်ပ ကူကြပါအုန်းဗျိုးးးးးးးးး စာလဲအသစ်မတင်ဖြစ်ဘူး နေ့တိုင်းလာလာကြည့်နေကြတဲ့ သူငယ်ချင်းများကိုတော့ အားနာပါရဲ့ ဟီး စာရေးရမှာ ပျင်းနေတာနဲ့ ဘလော့ခ်ဂါ ဒီဇိုင်းပြောင်းနေတာနဲ့ပဲ အလုပ်ကိုရှုပ်နေတာ စာမတင်ဖြစ်ဘူး ဟဲဟဲ လာလာလည်ကြတဲ့ သူငယ်ချင်းများ ကိုတော့ကျေးဇူးပါ...

အားမနာနဲ့စားကြနော် ကုန်ရင်ထက်ကျွေးအုန်းမှာbig grintongue


Happy birthday

နှုတ်ဆက်စကားလေး

အင်း.... ခုတလောနေကလဲမကောင်း စာရေးဖို့ကလဲပျင်း ရုပ်ရှင်တွေပဲတနေကုန်ထိုင်ကြည့်နေတာနဲ့ ဘလော့မှာစာသိပ်မတင်ဖြစ်ဘူး စာရေးတာကလဲသိပ်ဝါသနာမပါဘူးဆိုတော့ အဲတခုက ဘလော့ကိုကလိရတာတော့ စိတ်ဝင်စားတယ် စာမရေးးဖြစ်ပေမယ့် ကျနော့ဘလော့လေးက အမြဲတမ်းပုံစံပြောင်းနေတာတော့ သိကြမှာပါ ခုလိုဘာမှမအထွေအထူးမှရှိတဲ့ ဘလော့လေးကို လာလာအားပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကိုကျေးဇူးတင်ပါတယ်

ဘ၀ဆိုတာ ချက်တင်တက်တာလေး တခုနဲ့တော့ ဘာမှတိုးတက်မလာဘူးဆိုတာ ကျနော်နားလည်ပါတယ် အဲဒီတော့ ကျနော်လိုခြင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ကျနော်အများကြီး အချိန်တွေထပ်လိုသေးပါတယ် ကျနော်ဆုံးဖြတ်လိုက်တာက ချက်တင်တက်တာကိုစမ်းလျှော့ပီးတော့ ကျနော့ပန်းတိုင်ကို ကျနော်ရောက်ဖို့မနားတမ်း ရှေ့ဆက်ပြေးဖို့ပါပဲ ကျနော်အွန်လိုင်းမှာ မရှိတဲ့အချိန်ကြရင် သူငယ်ချင်းများ ကျနော့ကိုသတိရ နေကြပါလို့ big grin

ဘလော့တို့မေးလ်တို့လောက် တော့စစ်ဖြစ်မယ်ထင်တယ် ဒီကြားထဲ ကျနော့ချစ်လေး သိပ်ဖတ်ခြင်နေတဲ့ ရွှေငါးလေးအကြောင်းကိုလဲ ပီးဆုံးအောင် ထက်တင်ပေးပါမယ် အားလုံးကိုလဲ ဒီနေရာလေးက နှုတ်ဆက်ခဲ့ပါတယ် (သွားရတော့မယ်အချစ်ရေ နှုတ်ဆက်ခဲ့ပါတယ်....ကိုယ်တကယ်မချက်နိုင်တော့ဘူးချစ်ရေဟီးwhistling) အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ...ချစ်သူတိုင်းလဲ ဆုံစည်းနိုင်ကြပါစေ.....praying

နယူးရီးယား ညကိုကျော်ဖြတ်ခြင်း

အင်းဒီညတော့အိမ်မှာပါတီ လုပ်ကြမယ်လို့ကောထားပီးကာမှပဲ သူငယ်ချင်းတွေကော လူကြီးတွေကော နာကောပါပဲ သူများတွေသာပြောနေတာ အလုပ်ကိုယ်စီနဲ့ ဘီးစီးနေကြတာ ဒီညတော့ တယောက်မှမရှိဘူးပေါ့ဗျာ အိမ်မှာ အွန်လိုင်းမှာလဲတူတူပဲ ဥဥမနဲ့ တော့ခန စကားပြောဖြစ်သေးတယ် သူလဲသူ့တူမတွေပါတီပွဲသွားမလို့ တဲ့ နောက်ဆုံးတော့ နာတယောက်ထဲ အွန်လိုင်းမှာ ငုတ်တုတ်ပေါ့

ခနနေတော့ ကျေးဇူးရှင်လေး တယောက်တက်လာတယ်ဗျားးးး ဘယ်သူလဲဆိုတော့ ကျတော့သူငယ်ချင်းလေး ဖိုးထက် ခါတိုင်းလိုပဲ သီချင်းပေးတယ်သူက ကျနော်က အားလားလို့ အားရင်သီချင်းဆိုပြဆိုတော့ ချက်ခြင်းပဲ ဂစ်တာထယူပီးး သီချင်းတွေဆိုကြပါလေရော သူတို့မှာက နယူးရီးယား ပီးသွားပီပေါ့ ကျနော်တို့ အချိန်နဲ့ ဆိုရင် ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ သူကဂစ်တာတီးပြ သီချင်းဆိုပြနဲ့ နယူးရီးယားမှာပဲ အကုန်ပျော်ခဲ့ကြတယ် အွန်လိုင်းမှာ
ကျနော် ဒီနေ့မှပဲသိတော့တယ် ကျနော့သူငယ်ချင်းလေးက စလို့ကောင်းတယ်ဆိုတာ ကျနော်သူ့ကို ထိုင်စနေတာ မနက်၃နာရီခွဲသွားတယ် ဟီး တော်တော်လေး စလိုက်ရတယ် သူခမြာ နေမထိထိုင်မထိတွေဖြစ်ကုန်ရော ဟီး အစလွန်သွားလို့

ဘာပဲဖြစ်ဖြစ် ကိုရီးယားနဲ့ ဒီနဲ့ကို နယူးရီးယားအော်လိုက်ရတဲ့ အတွက် ပျော်ပါတယ်နှစ်သစ်မှာ အပျာ်တွေနဲ့ ကြိုဆိုရင်းပေါ့ သူငယ်ချင်းကတော့ ဟီး ချွေးတွေပြန်နေလေရဲ့နှစ်သစ်မှာ ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ ကျနော်နဲ့အတူတူရှိနေခဲ့တဲ့ ကျနော့သူငယ်ချင်းလေး ဖိုးထက်ကော သူရဲ့သူငယ်ချင်းတွေပါ အားလုံးကိုကျေးဇူးတင်ပါလို့ ဒီကနေထပ်ပြောပါတယ် သူ့သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ မနက်၃နာရီလဲရောက်ရော ၀ိုင်ဝိုင်းတွေလဲမောနေပီတဲ့ နားတော့မယ်တဲ့လေ ဟီး ဒီကနေပဲ အားလုံးကိုကျေးဇူးတင်ပါတယ် မနက်၃ခွဲမှအိပ်ပီး ဒီနေ့တော့ ညနေ၄နာရီခွဲမှပဲထတော့တယ် အိပ်လို့ကကောင်းပ အမတွေတောင်ဖုန်းခေါ်ဖို့ မေ့သွားတယ် ကျနော့အဖြစ်ကတော့ ဒါကကျနော့ရဲ့ နယူးရီးယား ညကိုကျော်ဖြတ်ခဲ့တဲ့ ညလေးပေါ့ ဒီနေ့လေးကိုကျနော် တသက်လုံးအမှတ်ရနေမှာပါ


 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates