နယူးရီးယား ညကိုကျော်ဖြတ်ခြင်း

အင်းဒီညတော့အိမ်မှာပါတီ လုပ်ကြမယ်လို့ကောထားပီးကာမှပဲ သူငယ်ချင်းတွေကော လူကြီးတွေကော နာကောပါပဲ သူများတွေသာပြောနေတာ အလုပ်ကိုယ်စီနဲ့ ဘီးစီးနေကြတာ ဒီညတော့ တယောက်မှမရှိဘူးပေါ့ဗျာ အိမ်မှာ အွန်လိုင်းမှာလဲတူတူပဲ ဥဥမနဲ့ တော့ခန စကားပြောဖြစ်သေးတယ် သူလဲသူ့တူမတွေပါတီပွဲသွားမလို့ တဲ့ နောက်ဆုံးတော့ နာတယောက်ထဲ အွန်လိုင်းမှာ ငုတ်တုတ်ပေါ့

ခနနေတော့ ကျေးဇူးရှင်လေး တယောက်တက်လာတယ်ဗျားးးး ဘယ်သူလဲဆိုတော့ ကျတော့သူငယ်ချင်းလေး ဖိုးထက် ခါတိုင်းလိုပဲ သီချင်းပေးတယ်သူက ကျနော်က အားလားလို့ အားရင်သီချင်းဆိုပြဆိုတော့ ချက်ခြင်းပဲ ဂစ်တာထယူပီးး သီချင်းတွေဆိုကြပါလေရော သူတို့မှာက နယူးရီးယား ပီးသွားပီပေါ့ ကျနော်တို့ အချိန်နဲ့ ဆိုရင် ဒီလိုနဲ့ သူငယ်ချင်းတွေနဲ့ သူကဂစ်တာတီးပြ သီချင်းဆိုပြနဲ့ နယူးရီးယားမှာပဲ အကုန်ပျော်ခဲ့ကြတယ် အွန်လိုင်းမှာ
ကျနော် ဒီနေ့မှပဲသိတော့တယ် ကျနော့သူငယ်ချင်းလေးက စလို့ကောင်းတယ်ဆိုတာ ကျနော်သူ့ကို ထိုင်စနေတာ မနက်၃နာရီခွဲသွားတယ် ဟီး တော်တော်လေး စလိုက်ရတယ် သူခမြာ နေမထိထိုင်မထိတွေဖြစ်ကုန်ရော ဟီး အစလွန်သွားလို့

ဘာပဲဖြစ်ဖြစ် ကိုရီးယားနဲ့ ဒီနဲ့ကို နယူးရီးယားအော်လိုက်ရတဲ့ အတွက် ပျော်ပါတယ်နှစ်သစ်မှာ အပျာ်တွေနဲ့ ကြိုဆိုရင်းပေါ့ သူငယ်ချင်းကတော့ ဟီး ချွေးတွေပြန်နေလေရဲ့နှစ်သစ်မှာ ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ ကျနော်နဲ့အတူတူရှိနေခဲ့တဲ့ ကျနော့သူငယ်ချင်းလေး ဖိုးထက်ကော သူရဲ့သူငယ်ချင်းတွေပါ အားလုံးကိုကျေးဇူးတင်ပါလို့ ဒီကနေထပ်ပြောပါတယ် သူ့သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ မနက်၃နာရီလဲရောက်ရော ၀ိုင်ဝိုင်းတွေလဲမောနေပီတဲ့ နားတော့မယ်တဲ့လေ ဟီး ဒီကနေပဲ အားလုံးကိုကျေးဇူးတင်ပါတယ် မနက်၃ခွဲမှအိပ်ပီး ဒီနေ့တော့ ညနေ၄နာရီခွဲမှပဲထတော့တယ် အိပ်လို့ကကောင်းပ အမတွေတောင်ဖုန်းခေါ်ဖို့ မေ့သွားတယ် ကျနော့အဖြစ်ကတော့ ဒါကကျနော့ရဲ့ နယူးရီးယား ညကိုကျော်ဖြတ်ခဲ့တဲ့ ညလေးပေါ့ ဒီနေ့လေးကိုကျနော် တသက်လုံးအမှတ်ရနေမှာပါ

0 Comments:

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates