ပျော်ရွှင်ပါစေ နှစ်သစ်မင်္ဂလာ


ရွက်ဟောင်းကြွေလို့ ရွက်နုထွက်သလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို တခါရောက်လာပြန်ပါပီ မုန်းတဲ့သူတွေကော ချစ်တဲ့သူတွေကော မင်္ဂလာအပေါင်း ခါးညောင်း အဲခညောင်းကြပါစေ မုန်းတဲ့သူတွေတော့ ချစ်ကြည်ရေးပြန်လုပ်မယ်လို့ တော့ မပြောပါဘူး နှစ်သစ်မင်္ဂလာမို့ ဆုတောင်းပေးတာပါ ကျနော်ကတော့ မနက်ဖြန်ပျော်နိုင်ပ မလားမသိဘူး ဒီကနေ့ထဲက ဖလှပ်ပြခြင်နေပီ

ဘာလို့လဲဆိုတော့ သူငယ်ချင်းတယောက်ကို ဈေးသွားရောင်းကူနေလို့ လေ ကျနော်အလုပ်လုပ်ပုံကလဲ ရီရတယ် မနက်ပိုင်းသွားသွားခြင်းတော့ မနက်၁၀နာရီထိက သီချင်းလေးတအေးအေးနဲ့ အလုပ်လုပ်လို့ကောင်းတုန်း အဲညနေနာရီကြတော့ စပီးအသံသိပ်မထွက်ခြင်တော့ဘူး သတိရရင်တော့ သီချင်းလေး တခါတလေကောက် ညဉ်းလိုက်သေးတယ် ညနေ၄နာရီလဲရောက်ရော လုံးဝအသံမထွက်နိုင်တော့ဘူး ဟီး ခပ်စတိုမာတောင် ဟန်ဆောင်ပီးအပြုံးလေးနဲ့ စကားတောင်မထွက်နိုတော့တဲ့ဘ၀ ကြာတော့သူငယ်ချင်းက သိပုံပေါ်ပါတယ် အလုပ်တောင်မပီးသေးဘူး ပြန်တော့တဲ့ ပြန်တော့ဆိုတာလေး ကြားတာကိုပဲ ပျော်လိုက်တာ လူကတော့ ရီတောင်မရီနိုင်တော့ဘူး မနက်ဖြန်တရက် ကျန်သေးတယ် ကဲနိုင်ပြမလားတောင်မသိတော့ဘူး sad

တော်ပီဒီလောက်ပဲ ဆက်မရေးနိုင်တော့ဘူး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ (သေချာတာတော့အဲထဲမှာနာမပါဘူး အလုပ်ကပြန်လာရင်မောနေလို့ မကဲနိုင်တော့ဘူး )sigh

0 Comments:

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates