ကျနော် တက်ဖူးခဲ့တဲ့ သင်တန်းတခု


အရင်ကဆို ကျနော်က ၁၀၉၁၁၀ဗျ ခုလဲသိပ်မထူးခြားပါဘူး ဟဲဟဲ အရင်ကဆို မနက်မိုးရင် သူငယ်ချင်းစီ ဖုန်းဆက်လိုက် အပြင်ထွက်လိုက် ညနေဆို သူငယ်ချင်းနဲ့ စားသောက်ဆိုင်ထိုင်ရမှ မဟုတ်ရင် သူငယ်ချင်းအိမ်တွေ လျှောက်လည် အိမ်မှာကိုမကပ်ဘူး တခုရှိသေးတယ် ကျနော်က လက်မှုပညာ တော်တော်တော့ ၀ါသနာပါတယ် ဟိုနားစပ်စပ် ဒီနားစပ်စပ်နဲ့ ပီးရင် တခုမှလဲ မပီးဘူး ခုပဲကြည့် ပျင်းပျင်းနဲ့ ချည်သွားဝယ်ပီး အင်္ကျီကိုယ့်ဘာသာ ထိုးပီးဝတ်မယ်ဆိုပီး ခုထိမပီးသေးဘူး အင်္ကျီထိုးရင်း တန်းလန်းက ဘာစိတ်ကူးပေါက်တယ် မသိ ချည်နဲ့အရုပ် ထိုးတဲ့ဘက်ကို ရောက်သွားပြန်ရော ခုတော့ အင်္ကျီလဲမပီး အရုပ်လဲမပီး အကုန်ချောင် ရောက်ကုန်ပီ အဲလိုအဲလို ကျနော့အကျင့်လေးက
အဲတော့ ကျနော့အမကပြောတယ် ပျင်းနေတယ်ဆိုရင် ပန်းလုပ်တဲ့သင်တန်းလေး ဘာလေးတက်ပါလာတဲ့ ပိုကောင်းတာပေါ့တဲ့ ဒီလိုနဲ့ပဲ အမအစီစဉ်အရ ပန်းလုပ်တဲ့သင်တန်း တက်ဖို့ Mallတွေမှာ လိုက်ရှာခဲ့တယ် ပန်းဆိုင်၂ခု တွေ့ တယ်ဗျ တခုကမြေကြီးလို ပျော့စိပျော့စိ တွေနဲ့လုပ်တာ ဘာခေါ်လဲတောင်မသိတော့ဘူး နောက်တခုကကြတော့ အ၀တ်နဲ့လုပ်တာ တော်တော်လေး လက်ယာမြောက် ကြတယ်၂ခုလုံးက ဒါပေမယ့် ဟိုပျော့စိပျော့စိက ပိုပီးဈေးကြီးတယ် ဒါနဲ့ပဲ အ၀တ်နဲ့လုပ်တဲ့ ပန်းဆိုင်မှာပဲ သွားတက်ခဲ့တယ် ဘယ်လောက်များ ၀ါသနာကြီးလဲမကြီးလဲဆို သူများတွေ ၁ပတ်လောက်လုပ်တဲ့ပန်းကို စစသင်နဲ့ နေ့မှာပဲ ဒီဇိုင်းတခုပီးအောင် လုပ်နိုင်ခဲ့တယ် (ဟဲဟဲ နာတွ) အဲတခုကျန်ခဲ့သေးတယ် ပထမဆုံး ဒီဇိုင်းကလေ သိလား ပန်းသာပီးအောင် လုပ်ခဲ့တာ အရွက်ကို ခုချိန်ထိမလုပ်ဖူးသေးဘူးဗျ တော်တော်လဲရီဖို့ကောင်းတယ်
ပန်းသင်တာလေ တော်တော်လေး လက်ဝင်တယ်ဗျ ပွင့်ဖတ်အတွက် သံကြိုးတွေဖြတ်ရ၊ အရွက်အတွက်သံကြိုးတွေ ဖြတ်ရနဲ့၊ ပီးရင်ရှိသေးတယ်ဗျ ပန်းပွင့်အောက်နားက အတက်လေးပါထည့်ရသေးတယ် တော်တော်လက်ဝင်တယ် တော်တော်လေးလဲ စိတ်ဝင်စားဖို့ကောင်းတယ် လက်မှုပညာစိတ်ဝင်စားရင်ပေါ့ ကျနော်က နဂိုထဲက လက်မှုပညာ ၀ါသနာပါတော့ တော်တော်လေး အလုပ်ဖြစ်တယ် သင်တန်းသားတွေအကုန်ထဲမှာတော့လေ ကျနော်ကစံပဲ သူများတွေထက် မြန်မြန်လုပ်နိုင်လို့လေ ၁ပတ်ကို ဒီဇိုင်း ၂မျိုးက အေးဆေးပဲ အပျင်းထူတဲ့နေ့တွေ များရင်တော့ ၁ပတ်တမျိုးပေါ့
စိတ်နာတာတခုရှိသေးတယ် ဒီလာခန်နီးကပေါ့ ကျနော်လုပ်ထားတဲ့ ပန်းပင်တွေဆို အများကြီးပဲ အများကြီးဆိုတော့ ကျနော့အ၀တ်စားတွေနဲ့ ပေါင်းလိုက်ရင်ပေါင်က ကျော်နေပီလေ ဒီတော့ကျနော်က ပါဆယ်ထုတ်ပီး ပန်းတွေကို အသိအိမ်အရင် အရင်ပို့ထားတယ်ဆိုပါတော့ ဒီလဲရောက်ရော ကျနော့ပန်းတွေ တပင်မှမတွေ့တာနဲ့ မေးကြည့်တော့ ကျနော်ပို့လိုက်တဲ့ဗူးက ဒီလဲရောက်ရော ကွဲနေပီတဲ့လေ ပီးတော့ပန်းတွေကလဲ ရွဲနေပီတဲ့ အဲတော့သူများတွေကို လက်ဆောင်ပေးလိုက်ပီတဲ့ အမလေး စိတ်တိုလိုက်တာလေ အသားပါ ဆတ်ဆတ်တုန်တယ် ကိုယ့်ထက်အကြီးဖြစ်နေလို့ မဟုတ်ရင် နဘန်းလုံးပလိုက်ပီ ခုထိကျနော့အပင်လေးတွေ မျက်စိထဲကမထွက်ဘူးဗျာ ကိုယ့်ကအပင်ပန်းခံ ပီးသေချာလုပ်ထားတာ အဲဟာမတွေက တန်ဖိုးမထား စိတ်တိုတာလေ လက်ကုန်ပဲ ပီးတော့သူ့သူငယ်ချင်း တွေကိုကြွားထားသေးတာ အဲပန်းပင်တွေက သူလုပ်ထားတာတဲ့လေ သူများတွေကို လက်ဆောင်ပေးပစ်တာတဲ့ နောက်မှပြန်သိရတယ်
ကျနော်က ကျနော့ပစ္စည်း ဆိုဘာပဲ ဖြစ်ဖြစ်ကုန်တန်ဖိုးထားတာ ကိုယ်ဘယ်သွားသွား အမြဲပါတယ် ကျနော့ကော်ဖီခွက်ဆို ဟိုကနေဒီအထိသယ်လာတယ် ( ဟီးကြိုက်လို့ ) အမကလေ နင်ဟာလေ အရက်မမူးပဲ ကော်ဖီမူးနေမယ်တဲ့ ဘာလို့လဲဆိုတော့ ကော်ဖီခွက်ကြီးက အကြီးကြီးဖြစ်နေလို့ အဲလောက်ထိ သံယောဇာဉ် ရှိတာကျနော့ပစ္စည်းတွေကို ဥစ္စာခြောက်တာ မဟုတ်ဘူးနော် ချစ်တတ်တာ ကိုယ့်ပစ္စည်းလေးတွေမှလို့ ဒါကလဲကျနော့ အကျင့်လေးတခုပေါ့ ကျနော်လုပ်တဲ့ ပန်းပင်လေးတွေတော့ ကျနော်ဓာတ်ပုံ မရိုက်ထားဘူးဗျ အဲတုန်းက စိတ်မကူးမိဘူးလေ ထင်တာက ကျနော်နဲ့ အမြဲအတူတူရှိနေမယ်လို့ ခုတော့လဲ တပင်မှကျနော့နားမှာ မကျန်ခဲ့ဘူး ကျနော်ဘယ်လို ပန်းပင်တွေ လုပ်ခဲ့လဲဆိုတာ အားပေးကြပါအုန်း တချို့လဲ ကျနော်သင်ခဲ့ဖူးပါတယ် တချို့လဲ ဒီဇိုင်းလေးတွေလှလို့ တင်ထားပေးပါတယ် တခုတော့ရှိတယ် ကျနော်က စာအုပ်ထဲကနေ ဓာတ်ပုံရိုက်ပီးပြန်တင်ထား တာဆိုတော့ ပုံကသိပ်ပီး မကောင်းဘူ
း ၀ါးနေတယ် သီးခံပီးကြည့်ကြပါနော်





4 Comments:

  1. preciousrose said...
    ချစ်လေးက တော်လှချည်လားဟ......အဲတာတွေလဲတတ်တယ်ပေါ့လေ....နလဲပြန်သင်ပေးဦးနေယ်....
    NgWeLaMin said...
    သင်ပေးတာက ဟုတ်တယ်
    လက်အသေနာတာနော်
    အသမာတောင်တက်တယ်
    ပီးတော့လေ ကျောကြီးကတောင့်နေတာပဲ
    ဟီးနာမနေနိုင်လို့ နာ့အမကိုနှိပ်ခိုင်း
    ရတယ် လွယ်ဘူးအဲဒါလုပ်ရတာ
    Jun Ichi - Sushi said...
    အမယ် လဒကဒါလဲတတ်တာပဲလား မဆိုးဘူးပဲ ငါကမတတ်ဘူးထင်တာ ဟီး.....
    ကလိုစေးထူး said...
    အဆဲထူက ဒီလိုဆိုတော့မဆိုးဘူးပဲ... :P

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates