ကျနော်ကတော့ နိုင်ငံရေး အကြောင်းလဲစိတ်မ၀င်စား စာလဲမရေးတတ် ကဗျာဆိုလဲ ဟုတ်တိပတ်တိ မဟုတ်တော့ ဘယ်ဟာတွေရေးပီး ဘလော့ကို တင်ရမှန်းတောင် မသိပါဘူး ကျနော့မှာ ရေးစရာဆိုလို့ သူငယ်ချင်းလေး တွေပဲရှိတယ် သူငယ်ချင်းတွေကို အလွမ်းသယ် လိုက်အုန်းမှ ကျနော်တို့ အုပ်စုက ရေလည်ပျော်ဖို့ ကောင်းတာပဲ တယောက်ကိုတယောက် စိတ်မဆိုးပဲ စလိုက်နောက်လိုက် သူများတွေနဲ့ အဖွဲ့ လိုက် ရန်ဖြစ်လိုက်နဲ့ တော်တော်လေး ပျော်ခဲ့ကြတယ် အဲဒါအရင် တချိန်ကပါ ခုတော့လဲ အလုပ်ကိုယ်စီနဲ့ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကျနော်နဲ့ ချစ်နှင်းဆီ ၂ယောက်ပဲ ချက်စောင့်ဖြစ်နေတယ် အရင်ကဆို ည၈နာရီလောက်ဆိုလူစုံကြပီ လက်မလည်ဘူး ဗိတ်တဲ့လူကလာဗိတ်လိုက် ချက်ထဲမှာ ရန်ဖြစ်လိုက် စိတ်ဆိုးလိုက်နဲ့ တနေ့တာ ကုန်သွားတာပဲ ခုတော့ ၂ယောက်ထဲပဲ သူငယ်ချင်းအတင်း ထိုင်တုပ်နေရတယ်
ကျနော်တို့ အဖွဲ့ရဲ့ လက်သုံးစကားလေးတွေ ရှိတယ် (တေနာမ, ဟဟ, ဟီး, အိ) တေနာမ ဆိုတာလူတွေ အမြင်မှာ ရိုင်းချင်ရိုင်းနေမယ် ဒါပေမယ့် ကျနော်တို့က ချစ်စနိုးနဲ့ ဆဲတာပါ အဲလိုဆဲလို့လဲကျနော် အချင်းချင်း စိတ်မဆိုးသွားကြဘူး ပိုပီးတောင် ရယ်စရာ ဖြစ်နေသေးတယ် တယောက်ယောက်က အသစ်တလုံး ပြောလိုက်ရင် ကျန်တဲ့လူတွေပါ လိုက်သုံးကြတာ ကျနော်တို့ရဲ့ အကျင့်လေးတခုလိုပါပဲ နောက်တခု (ဟဟ) ဆိုတာကြီး ရီတာပြောင်းချင်လို့ ခွီခွီ ရီတာ သူငယ်ချင်းတယောက် ကျနော့နာမည် အားကျလို့ ရှေ့ က လလေးပါထဲ့ပြော မယ်နော်ဆိုပီး လထည့်ပီးပြောတာ ရီလိုက်ရတာလေ အူပါတက်တယ် ကျနော်တို့ရဲ့ အင်တာနေရှင်နယ်လ် လန်းဂရွေ့ ခ်ျ တခုရှိသေးတယ် ဒါကစကား မပီအောင်ပြောတာပဲ တော်တော်လေး ရီဖို့ ကောင်းတယ် သူများတွေ နားမလည်ကြပေမယ့် ကျနော်တို့ ချင်းချင်းတော့ ရီနေရတာပဲ ဘာမှမဟုတ်လဲ ပျော်နေကြတာပဲ ကျနော်တို့သာ ချက်ထဲရှိနေရင် ဘယ်သူမှ တိုးမပေါက်ဘူး ကျနော်တို့  အဖွဲ့ကို ခုတော့လဲ ဒါတွေ အားလုံးဟာ အတိတ်မှာ ကျန်ခဲ့ပါပီ မနေ့က ချစ်နှင်းဆီ နဲ့ပြောရင်း တေနာမ စကားလုံးလေး သုံးပီးပြောဖြစ်တော့ အားလုံးကို ပြန်ပီးသတိရတယ်
ဝူးဝူးကိုလဲသတိရတယ် ၀ူးဝူးက အရင်ကအားပေမယ့် ခုတော့ သူလဲနိုင်ခြား ထွက်ဖို့လုပ်နေတာနဲ့ အင်တာနက် မရတော့ဘူး တခါတလေတော့ ကြုံရင်တွေ့ ဖြစ်သေးတယ် ခုတော့ပျောက်နေပီမတွေ့ ရဘူး ကိုစိုးလဲ သတိရတယ် သူလဲ တူတူပဲ သူ့အလုပ်ကရပီဆိုတော့ အရင်ကလိုမချက်ဖြစ်တော့ဘူး သူ့အလုပ်နဲ့ သူရှုပ်နေတာပဲ စနေတနင်္ဂနွေတောင် မအားတော့ဘူး မမစီပယ်လေး မမကိုလဲသတိ ရတယ်နော် မေးလ်မပို့ ဖြစ်ပေမယ့် သတိရနေပါတယ် နှင်းဆီကတော့ နေ့တိုင်းတွေ့  နေလို့ သတိရတော့ဘူး ဟီး စတာ စနေတနင်္ဂနွေဆို သတိရပါတယ် ဟီးစတာနော် ချစ်လေး တေနာမ လို့ တခွန်းမှ မပြောရသေးတာ တယောက်ရှိသေးတယ် ဟဲဟဲ သူက ချစ်ကြွက်လေး နော်ပြောလိုက်ရင် စိတ်ကောက်သွားမှာ စိုးလို့မနဲ ထိန်းပီးမပြော အောင်နေရတာ တကယ်လို့ ထွက်သွားခဲ့ရင် လဲစိတ်မဆိုး နဲ့ နော်ချစ်လေး ဟီး ဂယ်ပြောတာဟုတ်ဘူး
ဖွတ်ကိုလဲသတိရပါတယ် ပြဿနာနဲနဲဖြစ်ပီး ထဲကမပြောဖြစ်တော့ဘူး တော်တော်နောက်လို့ ကောင်းတဲ့သူငယ်ချင်း ခုဆို ကျနော့တွေ့ရင်တောင် သူကမခေါ်တော့ဘူး တီကောင် အင်းသူ့ ကိုတော့ သတိမရ တော့ဘူး မျက်နှာမတွေ့ ခြင်မှာအဆုံး နေ့တိုင်းရန်ဖြစ်လိုက် စိတ်ကောက်လိုက် ဘလော့ခ် လိုက်နဲ့  ရှုပ်နေတာပဲ သူ့တော့သတိမရဘူး ဇာနီစိုး သူ့ကိုလဲသတိရတယ် (သတိရတာကျနော်မဟုတ်ဘူး) သူနော့သူငယ်ချင်းလေးက သတိရတာပါ သူလဲခရီးခနခနထွက်နေတော့ မချက်ဖြစ်တော့ဘူး ပီးတော့ အတီးတုန်းလေး သူ့ လဲသတိရတယ် သူကနော်တခါ စိတ်ညစ်တုန်းက နော့အနား မှာနေပီးအားပေးခဲ့တယ် သူလဲ သူ့အလုပ်က ဘော့စ်က အင်တာနက် ရောင်းလိုက်ထဲကမတွေ့  ရတော့ဘူး သတိရတယ်အတီးတုန်းလေး ကိုလဲ၁၀ယောက်တောင် မပြည့်တဲ့ ဒီလူတွေက တော်တော်လေး ပျော်ရွင်ခဲ့ကြတယ် သူငယ်ချင်းတွေအကြောင်းရေးဖူး ပေမယ့် သူ့တို့ကို သတိရလို့ထပ်ရေးတာ စာတွေလဲရှည်နေပီ နောက်မှ ဆက်ရေးတော့မယ် ကျနော်ကတော့ သူငယ်ချင်းတွေ အားမဲ့အချိန်ကို ဒီနေရာ လေးကထိုင်စောင့်ရင်း ကြိုဆိုနေလျှက်ပါ တခြားသူငယ်ချင်းများ ချက်ချင်တယ် ဆိုရင်တော့ mmchatroom@gmail.com ကနေကြိုဆိုလျှက်ပါ

4 Comments:

  1. Anonymous said...
    ချိတ်အချိုးဘူးချစ်လေးတေနာမလဲချစ်ချာလေးပါဟယ်နော်
    ဟီးး ခေါ်ချင်သလိုသာခေါ် မွ မွ အသေမွ
    အင်းး ချစ်လေးပြောမှသတိရမိသွားတယ်
    အော် အတိတ်ဆိုတာ အင်းးအတိတ်ပေါ.နော် ဟိဟိ
    တော်ပီအေ ခံစားချက်တွေ ထွက်လာမယ် :D
    Anonymous said...
    ဟီးချစ်လေး
    နာလဲသတိရလို့ ရေးတာပါအေ
    ဟင့်၁နဲတယ်မကျဉ်းဖျော်ရည်သောက်တာများသွားလို့ ဟီး
    ကလိုစေးထူး said...
    ကြည့်လို့ကိုမရဘူး. တောက်ညင်ကိုကပ်တယ်..တေနာကောင်တွေ။.. ငါကွ.. ဆဲတယ်… ဟီးဟီး
    Anonymous said...
    ဗြဲ အဆဲပြိုင်ချင်လို့ လား
    ကိုယ့်လူ ရှုံးသွားမယ်နော်
    ငှဲငှဲ နာချစ်လေးတွေနာခေါ်လိုက်ရမလား
    ဟေးတောင်မင်းမိုက်လား
    မိုက်ရင်နှင်ဆီနဲ့ ချဟီးဟီး

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates