ကျေးဇူးပါပဲကော်နက်ရှင်ရယ်

တနေ့ညက တနေ့ညဆိုတော့ စိတ်ကူးပေါက်မှ ထရေးတာမဟုတ်ပါဘူး မအားတာနဲ့မရေးဖြစ်တာ ခုမှပဲ ရေးဖြစ်တော့တယ် တနေ့ ကညက ဘာစိတ်ကူး ပေါက်တယ်မသိ နော့ရဲ့မိုက်ကိုစမ်းချင် တာလဲပါမှာပေါ့ မိုက်ကိုနော်က ခနခနတက်နင်းနေတာဆိုတော့ ဟိုးတနေ့ကလဲ မိုက်တက်နင်းမိပီး မစမ်းဖြစ်ဘူး အဲဒါနဲ့ တီလေးကိုခေါ်ပီစမ်းရတယ် ပထမ မရဘူး ဘာသံမှကြားရဘူးတဲ စိတ်ညစ်လိုက်တာလေ လူကို နောက်အသစ် ထပ်ဝယ်ရတော့မယ်ပေါ့ ဟိုတယောက်ကတော့ဝမ်းသာနေလေရဲ့ အသစ်ထပ်ဝယ်ရမယ်ဆိုတော့ နောက်သေချာကြည့်မှပဲ နောက်မှာပလပ် တပ်မထားပဲ အသေအော်နေတာကိုး ရီရတယ်အဖြစ်ကလဲ အဲဒါနဲ့ နှင်းဆီကို မိုက်ရှိလား လို့ဆိုတော့ ခနတပ်လိုက်မယ်ဆို နှင်းဆီကိုအသံနဲ့ ပြောဖြစ် သွားပါလေရော မြန်မာပြည် ကကော်နက်ရှင်က သိတဲ့အတိုင်းပဲ တက်လိုက် ဆင်းလိုက်နဲ့ ဒါပေမယ် ကျနော်တို့ စကားပြောတုန်းက တော်တော်လေး ကောင်းခဲ့တယ် အရဲစွန့်ပီး မေးလိုက်ရတာ အကျိုးရှိသွားတာပေါ့ဗျာ ချစ်သူငယ်ချင်းလေးနဲ့ စကားပြောဖြစ်တာ လိုင်းက သိပ်မကောင်းပေမယ့် နော့ချစ်လေးဆိုတော့လဲ အော်ပြောရတာ ပျော်စရာကြီး ဟဲဟဲကြွားတာ ဥဥမနဲ့ တီကောင်တို့ နာလိုရှိကြနဲ့နော့ နာချစ်နှင်းဆီနဲ့ အသံခြင်းကျောပီးသွားပီ ချစ်လေးအသံလေး ကချိုနေတာပဲ နာလိုကြနဲ့နော် ဒါပဲ နင်တို့ကိုကပ်ကြွားတာ ဟီး

1 Comment:

  1. Anonymous said...
    နာလဲပျော်တယ်
    အဆဲမခံရရုံတမယ်ပဲ
    ဟီးနာအော်နေတာ
    ပျော်စရာကြီး

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates