ရွှေငါးလေး ချာလီနဲ့ ပျောက်ဆုံးသွားတဲ့ကမ္ဘာ

ချာလီက ငါတို့သေချာ ဂျန်ကို ကူညီရမယ် ငါဒီလိုတခါမှ လူသားတွေရဲ့ အမှုကို မလုပ်ဖူးဘူး ဒါပေမယ့် မင်းရဲ့အကူညီမှုနဲ့ နဲ့မှ
"ငါ့အကူညီ ?"
ဟုတ်တယ် စမွယ်လ် နင်ဟာငါရဲ့နား မျက်လုံး လျှင်မြန်တဲ့ ခြေထောက်တွေပဲ ဒါမှ တို့သေသေချာချာ သိရမှာ
"ခနလေး"
ရွှေငါးလေးက "ဂျန်အကြောင်းကိုစဉ်းစားနေလား"
ငါတွေးနေတာ အဲဒါမဟုတ်ဘူး
"ဒါဆို အလုပ်အကြောင်းလား"
"မဟုတ်ဘူး"
ရွှေငါးလေးက "မင်းအတွက် စားကောင်းတဲ့အသားတွေ အများကြီး ရမှာနော် " ငါးတွေ အသားကင်တွေ နို့ တွေ "
"အင်း အဲဒါလဲဖြစ်နိုင်တာပဲ"
ကျွန်တော် ကတော့လမ်းဘေးကကြောင် စွန့်ပစ်ခံထားရတဲ့ကြောင် အမြဲတမ်း ဗိုက်ဆာနေတဲ့ကြောင် ကိုယ့်အခြေနဲ့ကိုယ် ကြည့်နေရတာပဲလေ ချာလီနဲ့တွေ့တဲ့နေ့က သိပ်အများကြီးမရပါဘူး ဟန်ဘာဂါ နဲနဲနဲ့  သတ္တုဗူးတ၀က်လောက်ရှိတဲ့ ပျက်နေတဲ့နွားနို့ အဲဒါပါပဲ
ကျနော့ ဗိုက်ကတော့ အော်နေတုန်းပါပဲ ကျနော်ကတော့ နောက်တပ် အစာတွေကိုထပ်စားခြင်သေးတယ် အဲချိန်မှာ နောက်ဖေးမှာရှိနေတဲ့ အမှိုက်ပုန်းထဲခုန်ဝင်ပီး မျှော်လင့်ကြီးစွာနဲ့ သတ္တုဗူး ခွံတွေကိုလိုက်ရှာကြည့် နေချိန်မှာ ဒေါင့်တနေရာကနေ ရွှေရောင်လှက်လှက်နဲ့ ကျနော့မျက်စိထဲမှာ တွေ့နေရတယ် ကျနော် အပေါ်တက်ကြည့်ချိန်မှာပဲ သူနဲ့တွေ့ တယ်။
သူကပွင့်နေ ပြတင်းပေါက်ဘေးက သီးသန့်လုပ်ထားတဲ့ ငါးကန်ထဲမှာရေကူးနေတဲ့ ကျနော် တခါမှ မမြင်ဖူးတဲ့ အ၀ဆုံး ရွှေငါးလေးပါပဲ။ နေ့လည်စာ အတွက်လွယ်ကူး သွားပီဆိုပီး ကျနော့ကို ကျနော် ကျေနပ်နေမိတယ် ဒီငါးက ငါ့အတွက်ပဲဆိုပီး ကျနော့ပါးစပ် သွားရေတွေကျလာပါတော့တယ်။
ကျနော်ဟာ ကန့်သတ်ထားတဲ့ ပြတင်းပေါက်ပေါ်ခုန်တက်လိုက်တယ်။ သူ့ရဲ့ငါးကန်ပေါ် ကနေ သူရဲ့ငါးကန်းအကြောင်းကို လေ့လာနေချိန်မှာ ရွှေငါးလေးရဲ့ အနံကတော့ တော်တော်လေး မွှေးနေတာပဲ။
" ဟေး ရပ်လိုက်စမ်း ငမိုက်သား"
ကျနော် လှည့်ပီးရှာလိုက်တယ် ဒါပေမယ့် တယောက်မှမရှိဘူး ကျနော်က ကျနော့လက်သည်း တွေနဲ့ ရေကန်ထဲကို လှုပ်ရှားပလိုက်တယ် အဲချိန်မှာရွှေငါးလေး ဖယိုဖရဲ ရေကန်ထဲမှာကူးခတ် နေလေရဲ့
ငိုသံကြီးနဲ့ အခုနကအော်တဲ့အသံရှင်ကပဲ "ရပ်လို့ ငါပြောနေတယ်"
"ဘယ်သူ့ကိုပြောနေတာလဲ?" ကျနော် ရွှေငါးလေးကို ပြင်းပြင်းထန်ထန်နဲ့ ရိုက်နေပေမယ့်လဲ လက်မလောက်မှာပဲ ကပ်ကပ်လွှတ်သွားတယ်။
အသံရှင်ဟာ နက်ရှိုင်းပီး သြဇာအပြည့်နဲ့ "ငါပြောနေတာ!"
"နင်ဘယ်သူလဲ ကြောင်တကောင်ရဲ့အစာကို နင်လိုခြင်လို့လား?"
မိုးကြိုးပစ်တဲ့အသံနဲ့ "နင့်ရဲ့ညစ်ပတ်တဲ့လက်သည်းတွေကိုငါ့ကန်ထဲကထုတ်လိုက်ပါ ! "
အဲချိန်မှာ ကျနော် သိရှိလိုက်ရတာကတော့ အသံရှင်ဟာ ရွှေငါးလေးဆိုတာပဲ။
ကျနော်က မကျေနပ်တဲ့အသံနဲ့ "ငါ့ရဲ့ လက်သည်းတွေက မညစ်ပတ်ပါဘူး"
"ငါသိတယ် ရွှေငါးတွေက အားလုံးဝပီး အသံသေးအသံညှောင်နဲ့ ငတုံးတွေဆိုတာ"
ငါးက အပေါ်တက်လာပီး မကျေနပ်စွာ လေကိုမှုတ်ထုတ်လိုက်တယ် ငါးက "ငါငတုံးမဟုတ်ဘူး" "ငါက ထူးခြားဥာဏ်ရည် ထက်မြက်ပီး တာဝန်နဲ့ ဥပဒေ ကိုသိတဲ့ အကောင်းဆုံးအဆင့်မှာရှိတဲ့ ငါးပဲ"
ကျနော်က ပေါက်ကွဲစွာနဲ့  " ဟ ! "
ရွှေငါးလေးက "ငါကရွှေငါးလေး ချာလီပဲ"
"တကယ်လို့ နင်ငါ့ကို စားမယ်ဆိုရင် နင်ရဲ့အသိဥာဏ်တွေ အကုန်ပျက်စီးကုန်လိမ့်မယ် "
ကျနော်က လက်သည်းတွေကိုသရင်း ငါးကန်ထဲကျလာတဲ့ရေက အားငယ်တဲ့ရွှေငါး ကိုစားခြင်တဲ့စိတ်တွေ ဖြစ်ပေါ်စေတယ် အချိန်တော်တော် ကြာသွားတဲ့အခါ ငါဒီရွှေငါးကိုပဲစားရမလား ဒါမှမဟုတ် ဘယ်ငါးပဲဖြစ်ဖြစ် စားရမလား။
နောက် သူဆက်ပြောတယ်
"ငါသိပါတယ် နင်ဗိုက်ဆာနေတယ်ဆိုတာ ပီးတော့ ငါအကုန်သိတယ် နင်ဒီနေ့ ဘာစားလာလဲဆိုတာကို"
ကျနော်က ပျက်ရယ်စွာနဲ့  "ဘာလဲ?"
"ချဉ်ဓာတ်ပေါက်နေတဲ့ နွားနို့ နဲနဲရယ် သူများတွေပစ်ထားတဲ့ ဘာဂါနဲနဲ၇ယ် ဆိုတာလေ "
ကျနော်ကအံ့သြကြီးစွာဖြင့် "နင်ဘယ်လိုလုပ်သိလဲ?"
ရွှေငါးလေးက "နင့်ရဲ့လက်သည်းမှာ ကပ်နေတဲ့ ပါမုန့်ခြောက်တွေဟာ ရေထဲကိုကျလာတယ်"
"အဲဒါက ဟန်ဘာဂါရဲ့ အရသာတွေပဲ" ပီးတော့ "အသက်ရှူတိုင်း ထွက်လာတဲ့နင့်ရဲ့ ချဉ်နေတဲ့နွားနို့ အနံ့"
ကျနော် ဒီရွှေငါးအရှေ့ မှာ အရှက်တွေ အများကြီးမရခြင်ဘူး ဘာပဲဖြစ်ဖြစ် ကျနော်ဒီငါးစားရမှာပဲ "ဘယ်သူပဲဖြစ်ဖြစ် အဲလို ပုံဖေါ်လို့ရလား"
ရွှေငါးက တည်ကြည်စွာ "အကုန်လုံးမဟုတ်ဘူး" "အဲဒါက အချိန်တိုင်းမှာ အကောင်းဆုံး တွေးနိုင်တဲ့ စုံထောက်နီုင်တဲ့ တယောက်ထဲပဲ"

ဆက်ရန်ရှိသည် မျှော်>>>>

0 Comments:

Post a Comment




 

Original Blogger Template | Modified by Blogger-Whore | Distributed by eBlog Templates